ပျော်ဘွယ် ဇွန် ၂၀
ပျော်ဘွယ်မြို့နယ်တွင် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (ပျော်ဘွယ်) အလုပ်အမှုဆောင်ရွေးချယ်ပွဲကျင်းပခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံး Community Centre ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း(ရမည်းသင်းခရိုင်)၊ မြို့နယ်အလုပ်အမှုဆောင်ရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းစိုးက အသင်းဖွဲ့စည်းခဲ့မှု သမိုင်မှတ်တမ်းများ၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေးလုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့်မြို့နယ်အမှုဆောင် အဖွဲ့ ရွေးချယ်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အသင်းနာယက (၅)ဦး၊အမှုဆောင်(၁၅)ဦး၊ အလုပ်အမှုဆောင်အသင်းဝင် (၁၅)တို့ကို ရွေးချယ်တင်မြှောက်ခဲ့ကြသည်။
ဆက်လက်၍ ရွေးချယ်ခြင်းခံရသည့် မြို့နယ်အသင်းဥက္ကဋ္ဌ ဦးသောင်းကြည်က မိတ်ဆက်စကား ပြောကြားပြီး ရမည်းသင်းခရိုင် စီမံခန့်ခွဲရေးအဖွဲ့၊ အဖွဲ့ဝင်ဦးစံထွန်းက မူးယစ်ဆေးဝါးဆန့်ကျင်ရေးလုပ်ငန်းများ အောင်မြင်တိုးတက်ရေးအတွက် အကောင် အထည်ဖော်ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)