ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မျိုးစေ့ချကိရိယာ(DRUM SEEDER)ဖြင့် မိုးစပါး စိုက်ပျိုးသရုပ်ပြမှုအား ကြည့်ရှုအားပေး

ဇီးကုန်း ဇွန် ၂၀

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်း/ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ သာယာဝတီခရိုင် ဇီးကုန်းမြိုနယ်၊ ကန္တလီကျေးရွာအုပ်စုတွင် လယ်ထွန်စက်ဖြင့် လယ်ယာမြေပြုပြင်နေမှုနှင့်( Drum Seeder)ဖြင့် မိုးစပါးစိုက်ပျိုးနေမှုအား ယမန်နေ့နေ့လည်  ၃ နာရီခွဲက ကြည့်ရှုအားပေးခဲ့သည်။

ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇီးကုန်းမြို့နယ် ကန္တလီကျေးရွာအုပ်စု ကရင်ကုန်းကျေးရွာ ကွင်း အမှတ် (၄၁၃) N နှင့်  (၄၁၃)S ဧကကွက်အတွင်း လယ်ထွန်စက်ဖြင့် လယ်ယာမြေများ ပြုပြင် နေမှုနှင့် မိုးစပါးမှော်ဘီ(၃) မျိုးစေ့အား မျိုးစေ့ချကိရိယာ (drum seeder) ဖြင့် စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး၊ တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ စပါးအထွက်နှုန်းကောင်းစေရေး၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးကြရန်တို့ကို လမ်းညွှန်မှာကြားခဲ့သည်။

တင့်ဆွေ