ဒိုက်ဦးမြို့နယ် ရေလဲကျေးရွာ၌ ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကျင်းပ

ဒိုက်ဦး ဇွန် ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စစ်ဘိုကြီးကျေးရွာအုပ်စု၊ ရေလဲကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယမန်ရက်နေ့ နံနက် ၁၁ နာရီအချိန်က သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဒိုက်ဦးမြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မြင့်ထွန်းက ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်း ပြောကြားပြီးနောက် ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဖွဲ့စည်းကြသည်။

အဆိုပါအခမ်းအနားသို့ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ စားသုံးရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စီမံကိန်းဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ကျေးရွာသူရွာသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)