ကချင်ပြည်နယ်သယံဇာတရေးရာ၀န်ကြီး  ကဆန်ချောင်းရေတိုက်စားမှုပြုပြင်ဆောင်ရွက် နိုင်ရေးနှင့်မချမ်းဘော့မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ဖွံ့ဖြိုးတိုးတက်ရေးတာ၀န်ခံ ပြည်နယ်သယံဇာတရေးရာ၀န်ကြီး ဦးတိန့်ဆောင်သည်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခေါင်လန်ဒီး၊ တာဝန်ရှိသူများနှင့်အတူ ဇွန်(၁၇)ရက်က နောင်မွန်းမြို့နယ်အတွင်းရှိ ကဆန်ချောင်းရေတိုက်စားမှုအ‌ခြေအနေကိုကွင်းဆင်း စစ်ဆေးသည်။

နတ်မောက်မြို့နယ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး  အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက်(၈)နာရီ အချိန်က တြိဂံလမ်းဆုံတွင် ပြုလုပ်ခဲ့သည်။

ပေါက်ခေါင်းမြို့၌ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ‌ခြေပြုပြုဗဟိုဌာန (Community Centre ) ခန်းမတွင် ယမန်နေ့မွန်းလွဲ  ၁ နာရီအချိန်က ရှေးဦးပြုစုခြင်း အခြေခံသင်တန်း ဖွင့်ပွဲကျင်းပခဲ့ကြောင်း သိရှိရသည်။

ပန်းတောင်းမြို့နယ်တွင် ရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၁/၂၀၂၂)ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(community centre)ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအဖွဲ့တို့ပူးပေါင်း၍ အခြေခံရှေးဦး ပြုစုခြင်းသင်တန်း (၁/၂၀၂၂)ကို ဖွင့်လှစ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုး‌ဆွေဝင်း‌ ပေါက်ခေါင်းမြို့နယ်တွင် မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးပြသခြင်းနှင့်စုပေါင်းထွန်ယက်ပွဲသို့တက်ရောက်အားပေးပြီး တောင်သူများသို့ မိုးစပါးမျိုး‌စေ့အိတ်များပေးအပ်

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေ ၃ နာရီအချိန်ခန့်က ပေါက်ခေါင်းမြို့နယ် ငါးခူအိုင်ကျေးရွာ တောင်သူဦးအောင်ဌေးမင်း၏လယ်မြေတွင် မိုးစပါးမျိုး GW -11 ကို မျိုးစေ့ချကိရိယာ Dram Seeder ဖြင့် စိုက်ပျိုးပြသခြင်းနှင့် စုပေါင်းထွန်ယက် စိုက်ပျိုးပွဲသို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပန်းတောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ဝန်​ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက တလုပ္ပင်အုပ်စု၊ တလုပ္ပင်ကျေးရွာနှင့်တောင်ဘွေအုပ်စု၊ပဲကြီးအင်းကျေးရွာတို့တွင် ကြည့်ရှုခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ပိုင်ကျုံမြို့‌ မြို့ပေါ်ရပ်ကွက်များရှိဘုန်းတော်ကြီး များနှင့် ကျမ်းစာ‌သင်‌ကျောင်းတို့အား အလှူ‌ငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါ၍ ယမန်နေ့က ဘားအံ ခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့၊ မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ကျမ်းစာကျောင်းများတို့အား ဝတ္တုငွေများနှင့် လှူဖွယ်ပစ္စည်းများ လာရောက်ဆက်ကပ်လှူဒါန်းခဲ့သည်။  

ဟိုင်းကြီးကျွန်းမြို့တွင် ဟင်းသီးဟင်းရွက်များနှင့် ကြက်ဥများအား ရပ်ကွက်/ ကျေးရွာများသို့အရောက် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ပမ္မဝတီခြံထွက် ဟင်းသီးဟင်းရွက်နှင့် ကြက်ဥများကို ဇွန်လ ၁၇ ရက်နေ့နံနက် ၆ နာရီခွဲ အချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အမှတ်(၂) ရပ်ကွက်နှင့်အမှတ် (၁)ရပ်ကွက်စျေး၌ စျေးနှုန်းသက်သာစွာ ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့တွင် အ.ထ.က ဟိုင်းကြီး အခြေခံပညာအထက်တန်းကျောင်းသို့ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ယမန်နေ့နေ့လည်(၁)နာရီအချိန်က အ.ထ.က ဟိုင်းကြီး အခြေခံပညာအထက်တန်းကျောင်းသို့ ပမ္မဝတီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်တင်မောင်သန်းနှင့်တာဝန်ရှိသူများ သွားရောက်ပြီး ဆရာ/ဆရာမများ၊ကျောင်းသား/ ကျောင်းသူများနှင့်တွေ့ဆုံကာ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်သယံဇာတရေးရာ၀န်ကြီး  ကဆန်ချောင်းရေတိုက်စားမှု ပြုပြင်ဆောင်ရွက်နိုင်ရေးနှင့်မချမ်းဘော့မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ဖွံ့ဖြိုးတိုးတက်ရေးတာ၀န်ခံ ပြည်နယ်သယံဇာတရေးရာ၀န်ကြီး ဦး တိန့်ဆောင်သည်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီး၊ တာဝန်ရှိသူများနှင့်အတူ ဇွန် (၁၇)ရက်က နောင်မွန်းမြို့နယ်အတွင်းရှိ ကဆန်ချောင်းရေတိုက်စားမှု အ‌ခြေအနေကို ကွင်းဆင်းစစ်ဆေးသည်။
Subscribe to