လေးမျက်နှာ ဇွန် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတ တိုးပွားဖို့ ဝိုင်းဝန်းထိန်းသိမ်းကြပါစို့ ဆောင်ပုဒ်ပါ အသိပညာပေးပိုစတာများကို ယမန်နေ့နံနက်ပိုင်းက ကတက်ကုန်းတင်ဒါချက်အနီးနှင့် လဟာကြီးအင်းဘေးတို့တွင် စိုက်ထူခဲ့သည်။
ယခုကာလသည် ငါးရစ်ငါးသန်ကာလ ဖြစ်သောကြောင့် ငါးများမိတ်လိုက်ဥမှ သားပေါက်သည့် ရာသီချိန်ဖြစ်သဖြင့် လျှပ်စစ်ရှော့တိုက်ငါးဖမ်းခြင်းမပြုရန်၊ ဆေးချငါးဖမ်းခြင်းမပြုရန်၊ မိုင်းခွဲငါးဖမ်းခြင်း မပြုရန်တားမြစ်ချက်များ ပါဝင်ပြီး အဆိုပါ တားမြစ်ချက်များအား ဖောက်ဖျက် ကျူးလွန်မိပါက ရေချိူငါးလုပ်ငန်းဥပဒေအရ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း သိရသည်။
အသိပညာ ပေးဆိုင်းဘုတ်စိုက်ထူရာတွင် လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် အဖွဲ့ဝင်များ၊ ဟင်္သာတခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးစိုးပိုင်၊ မြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဒေါ်လဲ့လဲ့အောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။
ကျော်ဟိန်း(ပြန်/ဆက်)