အခြေခံပညာကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ဘုတ်ပြင်း ဇွန် ၂၀

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်၌ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဖလား အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ ပြေးခုံပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့က မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် မီတာ(၁၀၀)ပြေးပြိုင်ပွဲ၊ မီတာ(၁၀၀)လက်ဆက်ကမ်းပြေးပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲ၊ အမြင့်ခုန်ပြိုင်ပွဲ ၊ သုံးဆင့်ခုန်ပြိုင်ပွဲ ၊ သံလုံးပစ် ၊ သံပြားပစ် ၊ လှံတံပစ်စသည့် အားကစားနည်းများကို အခြေခံပညာအထက်တန်းကျောင်း()ကျောင်းမှ ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ဆက်လက်၍ ပြိုင်ပွဲအသီးသီးတွင် အားကစားနည်းအလိုက် ပထမ ၊ ဒုတိယ ၊ တတိယရရှိသည့်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဌာနဆိုင်ရာများက ဆုများအသီးသီးပေးအပ်ကြပြီး တံခွန်စိုက်ဆုဖလားရရှိသည့် အထက-အောက်လိပ်ကျောင်း အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တ ဥက္ကဋ္ဌ ဗိုလ်မှူးရဲလင်းဦးက ပေးအပ်ခဲ့ကြောင်း သိရသည်။

 မြို့နယ်( ပြန်/ဆက်)