အသက်မွေးဝမ်း​ကျောင်းပညာသင်တန်း(Vocation Education Training)(၂/၂၀၂၂) သင်တန်းဆင်းပွဲနှင့် (၃/၂၀၂၂)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ             ​

ချောက်  ဇွန်   ၁၉

မ​ကွေးတိုင်း​ဒေသကြီး၊ချောက်ခရိုင်၊​ချောက်မြို့နယ်တွင် စွမ်းအင်ဝန်ကြီးဌာန၊မြန်မာ့​ရေနံနှင့် သဘာဝဓာတ်​ငွေ့လုပ်ငန်း၊ ​ချောက်/လမ်းရွာ​ရေနံ​မြေနှင့် အကျိုးတူပူး​ပေါင်းဆောင်ရွက်လျက်ရှိသော Goldpetrol ကုမ္ပဏီနှင့်  အ​သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန(မ​ကွေး တိုင်း​ဒေသကြီး)တို့ ပူး​ပေါင်းဖွင့်လှစ်​သော အသက်မွေးဝမ်း​ကျောင်းပညာသင်တန်း (Vocation Education Training)အဖြစ်   သစ်သီးဝလံ အခြေခံတန်ဖိုးမြှင့်စား​သောက်ကုန်​ဖျော်ရည် နှင့်ယိုအမျိုးမျိုးထုတ်လုပ်နည်းသင်တန်း(၂/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားနှင့်  (၃/၂၀၂၂)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယ​နေ့နံနက် ၉နာရီအချိန်က အမှတ် ၂ လုပ်သားများ အပန်းဖြေရိပ်သာ ​ချောက်ရေနံ​မြေ လုပ်ငန်းခွင်သင်တန်း​ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

​ရှေးဦးစွာ​​ မ​ကွေးတိုင်း​ဒေသကြီး အ​သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက အသက်​မွေးဝမ်း​ကျောင်းပညာသင်တန်း (Vocation Education Training ) ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြခြင်း၊ယင်းနောက်ချောက်/လမ်းရွာ​ရေနံ​မြေအ​ထွေ​ထွေမန်​နေဂျာက ​အသက်​မွေးဝမ်း​ကြောင်းပညာသင်တန်း (Vocation Education Training)အဖြစ် သစ်သီးဝလံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ဖျော်ရည်နှင့်ယိုအမျိုးမျိုးထုတ်လုပ်နည်းသင်တန်း(၂/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားအောင်မြင်စွာဖွင့်လှစ်ခဲ့မှု အခြေအနေများနှင့် သစ်သီးဝလံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်​ဖျော်ရည်နှင့်ယိုအမျိုး မျိုး ထုတ်လုပ်နည်းသင်တန်း (၃/၂၀၂၂) သင်တန်း ဖွင့်လှစ်သွားမည့်အခြေအနေများအား ရှင်းလင်းတင်ပြရာတွင် "ယခုလို သင်တန်းအား ဆင်းပွဲနှင့်ဖွင့်ပွဲပေါင်းလုပ်ရခြင်းမှာ သင်တန်းတက်ရောက်ပြီးသူများ၏ အတွေ့အကြုံများအား ​နောက်တက်​ရောက်မည့် သင်တန်းသားများမှ ​မေးမြန်းနိုင်ရန်နှင့် သင်တန်းတစ်မျိုးအား နှစ်ကြိမ်ဖွင့်လှစ်ခြင်းဖြစ်၍ သင်တန်းအား ​ငွေကုန်ကြေးကျခံ၊ အချိန်ကုန်ခံ​ပေးပြီး​ဆောင်ရွက်ရသည့်အတွက် သင်တန်း သားများအနေဖြင့် သင်တန်း၏ ရည်ရွယ်ချက်ဖြစ်သည့်​ ဒေသထွက်သီးနှံများအသုံးပြုပြီး အတွေးအခေါ်ကောင်းဖြင့် ကိုယ်ပိုင်စီးပွား​ရေး၊ တစ်နိုင်တစ်ပိုင်စီးပွား​ရေးများကို သားစုအဆင့် မှစတင်ပြီးအသေးစားထုတ်ကုန်မှအောင်မြင်သည့် လုပ်ငန်းရှင်များအဖြစ်တက်လှမ်းပြီး ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများပေးနိုင်သူများဖြစ်အောင်ကြိုးစားကြရန်"ပြောကြားခဲ့သည်။ ထို့နောက်ချောက်/လမ်းရွာရေနံမြေအထွေထွေမန်နေဂျာနှင့်တာဝန်ရှိသူတို့မှသင်တန်းသား/သင်တန်းသူများအားသင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ခဲ့ပြီး သင်တန်းကာလအတွင်းစိတ်ဝင်တစားပါဝင်ဆောင်ရွက်ခဲ့သော သင်တန်းသား/သူ(၃)ဦးအားအမှတ်တရ လုပ်ငန်းသုံးပစ္စည်း လက်ဆောင်များပေးအပ်ခဲ့ပြီး သင်တန်းသားတစ်ဦးမှ​ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းနည်းပြဆရာ/ဆရာမများအား အမှတ်တရလက်ဆာင်ပစ္စည်းများ​ပေးအပ်ခြင်း၊က်ရောက်လာသည့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများအားဒေသထွက်ကုန်ဖြင့် ပြုလုပ်ထားသည့်အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီးတာဝန်ရှိသူများနှင့်သင်တန်းသား/သင်တန်းသူများ စု​ပေါင်းမှတ်တမ်းတင်ဓါတ် ပုံများရိုက်ကူးခဲ့​ကြောင်း သိရသည်။

အသက်မွေးဝမ်း​ကျောင်းပညာသင်တန်း(Vocation Education Training)(၃/၂၀၂၂) သင်တန်းကို ဇွန်လ (၂၁)ရက်​နေ့မှ ဇွန်လ(၂၇)ရက်​နေ့အထိ နံနက်(၈) နာရီမှ နံနက်(၁၁) နာရီခွဲထိ၊​ နေ့လယ်(၁)နာရီမှည​နေ(၄)နာရီအထိ သင်တန်းသား/သူ(၂၁)ဦးဖြင့် စရိတ်ငြိမ်း ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး (၂/၂၀၂၂)သင်တန်းတွင် အသီးအနှံများမှ​ဖျော်​ရည်၊ယိုမျိုးစုံ အမျိုးမျိုးထုတ်လုပ်နည်း(၂၁)မျိုးသင်ကြားပို့ချပေးနိုင်ခဲ့ကြောင်း၊ ယခုနှစ်အတွက် အသက်​မွေးဝမ်းကျောင်းပညာသင်တန်းများဖွင့်လှစ်ရန်အတွက်လျာထားချက်ငွေကျပ်သိန်း(၁၀၀)လျာထားကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာသင်တန်းများလည်းဆက်လက် ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်း တစ်ကြိမ်အား ငွေကျပ် (၁၀)သိန်းမှ (၁၅)သိန်းကြား ကုန်ကျခံဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။ 

​ကျော်မိုး(ပြန်/ဆက်)