လှည်းကူးမြို့နယ်၊ ဝါးရုံစွန်းကျေးရွာအုပ်စု၌ ကျောင်းသား/သူများအား ပထမအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

လှည်းကူး ဇွန် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းသား/သူများ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေပြီး ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက လှည်းကူးမြို့နယ်၊ ဝါးရုံစွန်းကျေးရွာအုပ်စုရှိ အခြေခံပညာမူလတန်းလွန်ကျောင်တွင် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား/ သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ/မများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီနှာ ခေါင်းစည်းများ စနစ်တကျတပ်ဆင်စေခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးပြီး ကျောင်းသား/သူများအား မိနစ်(၃၀)ခန့်အနားယူစေခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

လှည်းကူးမြို့နယ်၊ ဝါးရုံစွန်းကျေးရွာအုပ်စုတွင် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကာကွယ်ဆေးထိုးရန် အကျုံးဝင်သည့် ကျောင်းသား/သူအား ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသော ကျောင်းသား/သူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အေးအေးနွဲ့ (ပြန်/ဆက်)