ရှမ်းရွာသစ်မြို့တွင် ကလေးသူငယ်အခွင့်အရးများနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသဆောင်ရွက်

ရှမ်းရွာသစ်  ဇွန် ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ နံရံကပ်စာစောင်ပြသဆောင်ရွက်ထားခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြသဆောင်ရွက်ထားကြောင်း သိရသည်

အဆိုပါနံရံကပ်စာစောင်တွင် ကလေးအလုပ်သမားဟူသည်အဘယ်နည်း၊ ကလေးအလုပ်သမားနှင့် ပတ်သက်သည့်အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေများ၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊ ကလေးအလုပ်သမားလျော့နည်းစေရန် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ ကလေးများလုပ်သော အလုပ်နှင့် ကလေးသူငယ်အခွင့်အရေးများ၊ လုပ်ငန်းရှင်များအတွက် ကလေးသူငယ်အချက်အလက်များဆိုင် ရာသိမှတ်ဖွယ်ရာများ စသည့် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများ သိရှိလေ့လာနိုင်ရန်အတွက် အသစ်လဲလှယ်ပြသဆောင် ရွက်ထားကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)