လူငယ်နှင့် အနာဂတ်အသိပညာပေး Talk Show ကျင်းပ

ပုဗ္ဗသီရိ ဇွန် ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ လူငယ်နှင့်အနာဂတ်အသိပညာပေး Talk Showကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းနှင့် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)တို့က "လူငယ်တွေအောင်မြင်မှသာ နိုင်ငံတော်ကြီး တိုးတက်မှာဖြစ်ကြောင်း၊ လူငယ်တွေရဲ့အနာဂတ်ဟာ နိုင်ငံတော်အတွက် အရေးပါကြောင်း၊ အနာဂတ်မှာအောင်မြင်တဲ့ လူငယ်တွေဖြစ်လာဖို့ လိုက်နာသင့်တဲ့အကြောင်းများ၊ လူငယ်တွေဘဝမှာတိုးတက်ဖို့ ပညာသင်ကြားကြခြင်းဟာ နိုင်ငံတော်တာဝန်ထမ်းဆောင်နေခြင်း ဖြစ်ကြောင်း၊  လူငယ်တွေအနေနဲ့ပညာကို လောဘတကြီးသင်ယူသင့်ကြောင်း ပညာတတ်မှသာ နောင်အနာဂတ်အတွင် လူတော်လူကောင်းများဖြစ်ပြီး နိုင်ငံတော်ရဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်မှာဖြစ်ကြောင်း"စသည့်အကြောင်းအရာများကို စုံလင်စွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

"ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်တွက် Online မှတစ်ဆင့် အသိပညာပေးဟောပြောပွဲများ၊ Talk Show အစီအစဉ်များ၊ စာအုပ်မိတ်ဆက်အစီအစဉ်များ၊ ပုံပြင်ပြောခြင်းအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း"  မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

မျိုးသီဟ (ပြန်/ဆက်)