လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)၌ လက်တွေ့အသုံးချဓာတ်ပုံပညာသင်တန်း (အခမဲ့) ဖွင့်လှစ်

ပျဉ်းမနား ဇွန်  ၂၀

နေပြည်တော်အတွင်းရှိ ဓာတ်ပုံဝါသနာရှင်များနှင့် ဓာတ်ပုံရိုက်ကူးခြင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်လိုသူများအတွက် လက်တွ့အသုံးချဓာတ်ပုံပညာသင်တန်း(အခမဲ့)ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါသင်တန်းတွင် ဓာတ်ပုံပညာရှင် ဦးကျော်ဇေယျက Camera Setting, Composition, Lighting Theory & Direction of Light, Portrait, Model, Landscape, Family Photo စသည့် ကဏ္ဍများကို သင်ကြားပို့ချသွားမည်ဖြစ်သည်။

သင်တန်းကို သင်တန်းသား(၂၀)ဦးဖြင့် ဇူလိုင်လ(၄)ရက်န့မှ (၂၉)ရက်နေ့အထိ အပတ်စဉ် တနင်္လာနေ့မှသောကြာနေ့တိုင်း မွန်းလွဲ(၂)နာရီမှ(၄)နာရီအချိန်အထိ တစ်ပတ်လျှင် (၅)ရက် နှုန်းဖြင့် (၄)ပတ်ကြာ ဓာတ်ပုံပညာရပ်များကို စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်လိုသူများအနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမ နားမြို့နယ်ရုံး (ရွှေညောင်ပင်ကားဂိတ်အနီး)သို့ တက်ရောက်မည့် သင်တန်းသားကိုယ်တိုင်လာရောက်၍ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

ဇော်မင်းလွင်(ပြန်/ဆက်)