လှိုင်းဘွဲ ဇွန် ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများ သိရှိနိုင်စေရန်အတွက် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပညာပေးနံရံကပ်စာစောင်တွင် မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါး၏ အန္တရာယ်၊ မြန်မာနိုင်ငံနှင့်စိတ်ကြွရူးသွပ်ဆေး ပြဿနာ၊ဥပဒေ၊ စိတ်ကြွရူးသွပ်ဆေးအန္တရာယ်ကို မည်သို့ကာကွယ်မလဲ၊မူးယစ်ကင်းစင်တို့ဝန်းကျင်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ လူမှုရေးဆိုင်ရာထိခိုက်မှု၊ မူးယစ်ဆေးစွဲသူများ၊ ဆေးဖြတ်လိုသူများအတွက် နီးစပ်ရာမူးယစ်ဆေးစွဲကုဌာနအဖွဲ့နှင့် အကူအညီတောင်းရမည့်နေရာများစသည့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ် လာနိုင်သည့် ဆိုးကျိုးအန္တရာယ်များကို အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)