ရွှေတောင် ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ပိုင်းက ရွှေတောင်မြို့နယ် နွားမယံကျေးရွာ အုပ်စုကွင်းအမှတ် ( ၄၀၈) တောင် သူ ဦး ဌေးဝင်း၏ပဲတီစိမ်း (၁၆)ဧက စိုက်ပျိုးထားရှိရမှုအပေါ်တွင် နေကြာသီးညှပ် (၅)ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုများအား ကြည့်ရှုစစ်ဆေးပြီး ဒေသတွင်း ဆီဖူလုံမှု ရရှိစေရေးအတွက် ပဲမျိုးစုံနှင့်နေကြာသီးနှံများ တိုးချဲ့စိုက်ပျိုးသွားရန်နှင့် ဒေသခံ တောင်သူများအား အလားတူ စည်းရုံးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ယွန်းတန်းရပ်ကွက် ဧရာဝတီမြစ်ကမ်း ပြိုကာကွယ်ရေးလုပ်ငန်း အကောင်အထည်ဆောင်နေသည့်နေရာသို့ သွားရောက်ခဲ့ရာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူမှ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။
ထို့နောက် ကြာနီကန်ရပ်ကွက် ကသဲတန်းလမ်းရှိ နို့စားနွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူဦးဘာဘူနှင့် ဦးတူးတို့၏နို့စားနွားမွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုပြီး မြို့နှင့်လွတ်ကင်းသည့်နေရာတွင် သီးခြားနေရာ ရှာဖွေ၍မွေးမြူးရေး ဇုံသတ်မှတ်ကာ ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ မွေးမြူနိုင်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကိုကိုမင်း