လှိုင်းဘွဲ ဇွန် ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာ လူထုစိန်ဝင်းရေးသားထားသော “မျှော်လင့်ချက်မဲ့ အခြေအနေဆိုတာ မရှိဘူး” စာအုပ်အား စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဒီမွန်ကျော်က စာဖတ်ခြင်းကြောင့် ရရှိလာနိုင်သည့် အကျိုးကျေးဇူးများ၊ လူငယ်များ စာဖတ်၍ အမှားအမှန်ကို ဝေဖန်ခွဲခြားနိုင်ရန်နှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိ ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင် မယုမွန်လွင်က "မျှော်လင့်ချက်မဲ့ အခြေအနေဆိုတာ မရှိဘူး "စာအုပ်၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသော စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းအဖွဲ့ဝင်များက ဖြစ်ကတတ်ဆန်း လုပ်တတ်တဲ့အကျင့်၊ ရိုးသားမှုက အရေးကြီးဆုံး၊ မဖြစ်နိုင်တာ ဘာမှမရှိ၊ ခေတ်မီခြင်းနှင့်ခေတ်ဆန်ခြင်း၊ အချိန်ဇယားနှင့်အလုပ်လုပ်တတ်သူ၊ လူငယ်နှင့်ယုံကြည်မှု၊ အလုပ်နဲ့ ဂုဏ်၊ စဉ်းစားတတ်အောင် ပညာသင်ပါ၊ ပရဟိ တစိတ်ဓာတ် ဖွံ့ဖြိုးရေး စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)