ကွန်ဟိန်းမြို့၊မြေစိုက်ပြဘုတ်၌ နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စဆောင်ရွက်ထားရှိမှုမှတ်တမ်းများပြသ

ကွန်ဟိန်း ဇွန် ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်ပြဘုတ်၌ နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စဆောင်ရွက်ထားရှိမှုမှတ်တမ်းများအား ယနေ့နံနက်ပိုင်းမှ စတင်၍ ပြသထားကြောင်း သိရသည်။

အဆိုပါ မှတ်တမ်းများတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဖိတ်ခေါ်ခဲ့ပြီး တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများ၊ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁)နှင့် နောက်ဆက်တွဲများ၊ ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း(၂)နှင့် နောက်ဆက်တွဲများ၊ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်များ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့မှုများ၊ ဘာသာပေါင်းစုံအဖွဲ့အား တွေ့ဆုံမှုများ၊ ၂၀၁၁ ခုနှစ် မှ ၂၀၂၀ ပြည့်နှစ်အတွင်း တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်မှုများ အစရှိသည့် နိုင်ငံတော်အဆင့်ငြိမ်းချမ်းရေးဆိုင်ရာကိစ္စများ ဆောင်ရွက်ခဲ့သည့် မှတ်တမ်းဓါတ်ပုံများပြသခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်  အများပြည်သူဗဟုသုတရရှိစေမည့် အကြောင်းအရာများပြသခြင်းအား လစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသခံပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှု့ကြကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)