စုကလိမြို့တွင် စနစ်တကျအမှိုက်စွန့်ပစ်ခြင်း အသိပညာပေး Talk Show ကျင်းပ

ကရင်ပြည်နယ် မြဝတီခရိုင်၊ စုကလိမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မိမိတို့ဌာန၏ လုပ်ငန်းစဉ်များကို အကောင်ထည်ဖော်ဆောင်ရွက်ရာတွင် အများပြည်သူများအား အသိပညာပေးလုပ်ငန်းတစ်ခုဖြစ်သည့် Talk Show များအား အချိန်နှင့်တစ်ပြေးညီ သက်ဆိုင်ရာခေါင်းစဉ်များအလိုက် ဆွေးနွေးပေးနေပြီး ပြည်သူများထံသို့ Online မှတဆင့် ထုတ်လွှင့်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန Community Center တွင် စနစ်တကျအမှိုက်စွန့်ပစ်ခြင်း အသိပညာပေး Talk Show ဆောင်ရွက်ပေးခဲ့သည်။

နတ်မောက်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် နေကြာ(မိုး)သီးနှံ သီးသန့်၊ သီးညှပ်စိုက်ပျိုးနေမှု အခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် နေကြာ(မိုး)သီးနှံ သီးသန့်၊ သီးညှပ်စိုက်ပျိုး နေမှု အခြေအနေများကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုနှင့် ဝန်ထမ်းများက အင်းကုန်းကျေးရွာသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ ကြောင်းသိရသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပ

ပုသိမ်ခရိုင်၊ ချောင်းသာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ Community Centre တွင် ယနေ့ နံနက် ၁၀ နာရီအချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်၊ စစ်တုရင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်နှင့်စစ်တုရင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၄နာရီအချိန်က အဆိုပါတက္ကသိုလ် (Recreation Center) နှစ်ထပ်ဆောင်ခန်းမ၌ ကျင်းပသည်။

ပူတာအိုခရိုင်၌ တောင်သူများအတွက် အရစ်ကျစနစ်ဖြင့် လက်ကိုင်ရှည် လက်တွန်းထွန်စက်များ ဖြန့်ဖြူးရောင်းချပေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ဒေသဝမ်းစာဖူလုံရေးအတွက် တောင်သူများ လယ်ယာသုံးစက် ကိရိယာများ ပိုမိုသုံးစွဲ လာစေရေး စက်မှုလယ်ယာဦးစီးဌာနမှ လက်ကိုင်ရှည် လက်တွန်းထွန်စက် (၁၀)စီးအား အရစ်ကျစနစ်ဖြင့် ဖြန့်ဖြူး ရောင်းချပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီက ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မင်းလှမြို့နယ် ဆောင့်‌ညောင်ကျေးရွာတွင် သဘာဝပေါက်‌ရောက်‌နေသော ပဒုမ္မာကြာဖြင့် ကြာခြည်ထုတ်လုပ်နိုင်ရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ကန်တုတ်ကျေးရွာအုပ်စု၊ ဆောင့်ညောင်ကျေးရွာရှိ သောက်သုံးရေကန်တွင် သဘာဝပေါက်ရောက်နေသော ပဒုမ္မာကြာဖြင့် ကြာခြည်ထုတ်လုပ်နိုင်ရေးအတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့က ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ပြုလုပ်ခဲ့သည်။

လပွတ္တာခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊‌ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်  ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to