ပုဗ္ဗသီရိ ဇွန် ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ပမထအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က မင်္ဂလာဒီပရပ်ကွက်၊ အမှတ်(၉၇) အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် ထိုးနှံပေးလျက်ရှိသည်။
" မင်္ဂလာဒီပရပ်ကွက် ၊ အမှတ်(၉၇) အခြေခံပညာအထက်တန်းကျောင်းခွဲတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူ (၅၄၆)ဦးရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ခြင်းအတွက် မိဘအုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက်ဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်း ဖြစ်တယ်"ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။
ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကုတင်(၅၀)ဆံ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြား ချက်များနှင့်အညီ သတ်မှတ်နေရာများ၌ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)