လှိုင်းဘွဲ ဇွန် ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာစင်တာ ဟိတဓရဖောင်ဒေးရှင်း(ခွဲ)နှင့် ဆရာတော်/သံတော်ကြီးများက ဦးဆောင်၍ မြို့နယ်အတွင်း ကျေးရွာများမှ ယဉ်ကျေးလိမ္မာဓမ္မစကူးလ် သင်တန်းများကို ဖွင့်လှစ်သင်ကြားခဲ့ရာ ယမန်နေ့က မဲဆမိတ်ကျေးရွာနှင့်သမ္ဘာန် ကျေးရွာအုပ်စု၊ ကမ်းနားကျေးရွာတို့တွင် ယဉ်ကျေးလိမ္မာဓမ္မစကူးလ်သင်းတန်းဖွင့်ပွဲအခမ်းအနား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မဲဆမိတ်ကျောင်းဆရာတော်နှင့်ဆရာတော်ကြီးများက ဩဝါဒစကားများ မြွက်ကြားခြင်း၊ ဓမ္မစကူးလ်သင်တန်း ဆရာ/မများက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ သင်ကြားမည့် အခြေခံဗုဒ္ဓတရားများ၊ ဘာသာရပ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ယဉ်ကျေးလိမ္မာဓမ္မစကူးလ်သင်တန်းကို ရတနာသုံးပါး၊ ဗုဒ္ဓဝင် မင်္ဂလာတရားတော်၊ ဗုဒ္ဓဘာသာဝင် တစ်ဦး၏ လိုက်နာကျင့်သုံးရမည့် လုပ်ငန်းစဉ်များ၊ ဗုဒ္ဓဘာသာမှ ပုဂ္ဂိုလ်ထူးများ၊ လူမှုကျင့်ဝတ်များ၊ ဗုဒ္ဓဝါဒ အဘိဓမ္မာ၊ အဆုံးအမတရားတော်များစသည့် အခြေခံဗုဒ္ဓတရားတော်များကို ကျောင်းသား၊ကျောင်းသူများ၊ လူငယ်များသိရှိနိုင်စေရန်အတွက် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့ရက်များတွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)