နတ်တလင်း ဒီဇင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆောင်းသီးနှံစိုက်ပျိုးသော တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျေးရွာအုပ်စု (၂)အုပ်စုမှ တောင်သူ ၃၂၀ ဦးအား ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးစရိတ် ချေးငွေများထုတ်ချေးပေးရာတွင် ယခင်နှစ်များမှ အချိန်စေ့ချေးငွေများ ပြန်လည်ပေးဆပ်ပြီးသော တောင်သူများအား ဆောင်းသီးနှံတစ်ဧကလျှင် ချေးငွေကျပ် တစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိရာ ကြိုးကြာကန် ကျေးရွာအုပ်စု တောင်သူ(၁၉၈)ဦး၏ လယ်ဧက ၁၂၈၄ ဧကအတွက် ကျပ် ၁၂၈၄ သိန်း၊ သရက်တပင်ကျေးရွာအုပ်စု တောင်သူ(၁၂၂)ဦး၏ လယ်ဧက ၅၉၅ ဧကအတွက် ကျပ် ၅၉၅ သိန်း စုစုပေါင်း ၁၈၇၉ဧကအတွက် ကျပ် ၁၈၇၉ သိန်းထုတ်ချေးပေးခဲ့ပြီး ၂၀၂၄-၂၀၂၅ ဆောင်းသီးနှံစိုက်ရာသီတွင် နတ်တလင်းမြို့နယ်ရှိ ကျေးရွာအုပ်စု ၁၆ အုပ်စုမှ တောင်သူ ၂ဝ၉၀ ဦး၏ လယ်ဧက ၁၂၃၇၂ ဧကအတွက် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၁၂၃၇၂ သိန်း ထုတ်ချေးပေးပြီးဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာထံမှ သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)