ပျဉ်းမနားမြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်ဆုံးရှုံးမှုမရှိစေရေး တစ်အိမ်တက်ဆင်း Door to Door စနစ်ဖြင့် ကွင်းဆင်းစိစစ်ဆောင်ရွက်ပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်ဆုံးရှုံမှုမရှိစေရေးမဲဆန္ဒရှင်အမည်စာရင်းများကို ဒုတိယအကြိမ်ကပ်ထားကြေညာပေးခဲ့ပြီးဖြစ်ရာ မဲစာရင်းကျန်ရှိမှုများ မဖြစ်ပေါ်စေရေးအတွက် တစ်အိမ်တက်ဆင်း Door to Door စနစ်ဖြင့် တိုက်ဆိုင်စစ်ဆေးနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာအသီးသီးပါဝင်သည့် အဖွဲ့(၃၆)ဖွဲ့ ဖွဲ့စည်း၍ နိုဝင်ဘာ ၂၉ ရက်နေ့မှစတင်၍ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းပါရှိစေရေး၊ မကျန်ရှိစေရေးနှင့် မဲစာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ်မဲစာရင်းကြေညာပြီး မဲစာရင်းတွင်ပါဝင်ခြင်းမရှိသေးသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများ ကျန်ရှိမှုမရှိစေရေးအတွက် မြေပြင်ကွင်းဆင်းဆောင်ရွက်

မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ်မဲစာရင်းကြေညာပြီး မဲစာရင်းတွင်ပါဝင်ခြင်းမရှိသေးသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများကျန်ရှိမှုမရှိစေရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မဲစာရင်းများ ဒုတိယအကြိမ်ကပ်ထား‌ကြေညာထားရှိမှုအား ကြည့်ရှုစစ်ဆေး၊ လယ်ဝေးမြို့နယ်၌ ကျင်းပသည့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ တက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိမြို့နယ်၊ ခုတင်(၅၀) ပြည်သူ့ဆေးရုံသို့သွားရောက်ပြီး ဆေးရုံဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများမှ ချုံနွယ်များရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများအတွင်း အမှိုက်များရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ဆေးရုံဝန်းအတွင်း/အပြင်သန့်ရှင်းသာယာလှပရေး၊ ဆေးရုံဥပဓိရုပ်ကောင်းမွန်‌စေရန်အတွက် ချုံနွယ်များစဉ်ဆက်မပြက်ရှင်းလင်းဆောင်ရွက်ရေး၊ လမ်းဘေးရေမြောင်းများ အမှိုက်ပိတ်ဆို့မှုမရှိစေရေးအတွက် အမှိုက်များစနစ်တကျစွန့်ပစ်ရေး၊ ရေစီးရေလာကောင်းမွန်အောင်ဆောင်ရွက်ရေး၊ လမ်းပုခုံးသားများညီညာမှုရှိစေရေးနှင့် လမ်းဘေးဝဲ/ယာ ပန်းအလှပင်များ စိုက်ပျိုးရေးတို့ကိုမှာကြားပြီး ဆန်နှင့်စားသုံးဆီများ၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှုအား‌ပေးသည်။

ဘားအံမြို့၌ တောမီးနှင့်အခြားမီးများကြောင့် မီးလောင်မှု Hotspots အရေအတွက်လျော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း တောမီးနှင့်အခြားမီးများကြောင့် မီးလောင်မှု Hotspots အရေအတွက်များပြားနေခြင်းကို လျှော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်နယ်အဆင့်လုပ်ငန်းအဖွဲ့အစည်းအဝေးကို ဘားအံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ပုလောမြို့ အမှတ်(၅)ရပ်ကွက်တွင် မြစိမ်းရောင်(သမဝါယမကဏ္ဍ) နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသည့် မိုးစပါးစိုက်ခင်းရိတ်သိမ်းမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့ အမှတ်(၅)ရပ်ကွက် ထိပ်တန်းရှင်သမဝါယမအသင်း အသင်းသားတောင်သူများ စိုက်ပျိုးထားရှိသည့် မှော်ဘီ(၃)စပါးစိုက်ခင်းရိတ်သိမ်းမှုများကို ပုလောမြို့နယ် သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမိုးနှင့်တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်အတွင်း ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား One Stop Service ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ချမ်းမြသာစည်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းတွင် မြို့သစ် (၁) ရပ်ကွက်ရုံးနှင့် မြို့သစ် (၂) ရပ်ကွက်ရုံး၌ နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့သည်။

မြိတ်မြို့တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ်ဘောလုံးအားကစားသများ မွေးထုတ်ပေးနိုင်ရေးအတွက် မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ယမန်နေ့ ညနေပိုင်းက မြို့မအားကစား ကွင်းတွင် ကျင်းပသည်။

ကျောက်တန်းမြို့နယ်၌ DMA မှ ဦးစီး ပြုလုပ်သည့်Joint Exercise 19 ဆောင်ရွက်

သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ DMA မှ ဦးစီးပြုလုပ်သည့် Joint Exercise 19 ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက Briighter Energy Terminal Thilawa တွင် လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။

ငရုတ်ကောင်းမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်သံလွင်အားဒေသခံပြည်သူများနှင့် တာဝန်ရှိသူများ ကြိုဆို

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်‌ကောင်းမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေသည့် တပ်မတော်မှ ပါရဂူများဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည်ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့သို့ရောက်ရှိရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများကသောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။
Subscribe to