ရေတာရှည်မြို့နယ်အတွင်း၌ E-cigarette and Vape များ ရောင်းချခြင်းမပြုရန် စစ်ဆေးခြင်းနှင့်အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ E-cigarette and Vape များ ရောင်းချခြင်းမပြုရန် စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ရေတာရှည်၊ ဆွာ၊ သာဂရနှင့် မြို့လှမြို့တို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ တာဝန်ရှိသူများက ယမန်နေ့နေ့လယ် ၁ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။