မုံရွာ၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း(၅/၂၀၂၄-၂၀၂၅) သင်တန်းဖွင့်ပွဲကျင်းပ

မုံရွာ ဒီဇင်ဘာလ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကြီးမှူးပြီး အသက်မွေးဝမ်းကျောင်းကာလတို သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ တိုင်းဒေသကြီးအတွင်း စားသောက်ကုန်၊ လူသုံးကုန်နှင့် အလှကုန်ပစ္စည်းများကို သုံးစွဲသူများ အရည်အသွေးပြည့်ဝပြီး ဘေးအန္တရာယ်ကင်းရှင်းရေးစွာဖြင့် ကျန်းမာရေးနှင့်အညီ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ရေးအတွက်ရည်ရွယ်ပြီး  လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (၅/၂၀၂၄-၂၀၂၅) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး (Incubation Center) ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မောင်းက သင်တန်းသား/သူများအနေဖြင့် ယခုသင်တန်းမှ ပို့ချမည့်သင်ခန်းစာများကို လေ့လာသင်ယူတတ်မြောက်ပြီး အောင်မြင်သော လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားဆောင်ရွက်သွားရမှာဖြစ်ကြောာင်း၊ သင်တန်းမှပို့ချတဲ့ သင်ခန်းစာများကို သင်တန်းသား/ သူများအနေဖြင့် စိတ်ပါဝင်စားစွာ ကြိုးစားလေ့လာသင်ယူပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး တက်ရောက်လာကြသော တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသူများက အမှတ်တရစုပေါင်းမှတ်တင်ဓာတ်ပုံ ရိုက်ကူးခဲ့ပြီး တာဝန်ရှိသူများက သင်တန်းသုံး သင်ထောက်ကူပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများကို ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ သင်တန်းတွင်မုံရွာမြို့ပေါ်ရှိ  ရပ်ကွက်များမှ သင်တန်းသူ(၂၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြ ဆရာ၊ ဆရာမများက Chemical များ၏ properties (ဂုဏ်သတ္တိများ) အကြောင်းသိကောင်းစရာများနှင့် ပန်းကန်ဆေးဆပ်ပြာရည်ပြုလုပ်နည်းလက်ဆေးဆပ်ပြာရည်ပြုလုပ်နည်းBody Shower (ရေချိုးဆပ်ပြာရည်ပြုလုပ်နည်း) မျက်နှာသစ်ဆပ်ပြာခဲအမျိုးမျိုး ပြုလုပ်နည်း (ပျားရည်၊ ကော်ဖီ၊ မန်းကျည်း၊ ရှားစောင်း) Cream Soap (ဆပ်ပြာခရင်မ်ပြုလုပ်နည်း) A-Shampoo (ခေါင်းလျှော်ရည် အမျိုးမျိုးပြုလုပ်နည်း၊chemicali Herbal) အဝတ်မွေးဆီ ပြုလုပ်နည်း( Clothes perfume oil) ဆံပင်ပေါင်းဆေးပြုလုပ်နည်း(Hair conditioner)Body Scrub ပြုလုပ်နည်း၊ မှန်ကြည်ဆေးပြုလုပ်နည်းတို့ကို သင်တန်းကာလ ရက်သတ္တတစ်ပတ်ကြာ စာတွေ့၊ လက်တွေ့ ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)