တံတားဦမြို့နယ် သမဝါယမအသင်းစုလီမီတက်၏ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်နှင့် (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် သမဝါယမအသင်းစု လီမီတက်၏ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်နှင့် (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်ရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက တံတားဦးမြို့ အင်းဝခန်းမ၌ ကျင်းပကြောင်းသိရသည်။

ကလိန်အောင်မြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အတွင်းရှိ အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေး သော ပြည်သူများနှင့် (ဒုတိယအကြိမ်) ထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်ခန့်တွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကလိန်အောင်မြို့ သဒ္ဓမ္မံရံသီ‌အောင်တော်မူ ဝတ်ပြုကျောင်း၌ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

တိရစ္ဆာန်များ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

တိရစ္ဆာန်များ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ ထန်းတပင် ဒီဇင်ဘာ ၈ သဇင် (ပြန်/ဆက်)

သရက်မြို့၌ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး သရက်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ “လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆိုသည့်ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်ကို အကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက သရက်မြို့နယ်၊ ပျဉ်ထောင်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာရှိ ဒေသခံပြည် သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား(၂၀)နှင့် အိမ်ထောင်စုစာရင်း(၃၅)ခုကို ကွင်းဆင်း၍ နေ့ခြင်းပြီးပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့ပေါ်ရပ်ကွက်၌ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနသည် ပြည်သူများ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ် စေရန်၊ စဉ်းစားတွေးခေါ်မှု ဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြား တတ်စေရန် နှင့် စာဖတ်သည့် အလေ့အထများ ရရှိစေရန် ရည်ရွယ်၍ ယနေ့နေ့လယ် ၁၁ နာရီခွဲအချိန်က နယ်လှည့် စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အရှိန်အဟုန်မြှင့် အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းသွား သော်လည်း ရောဂါကွင်းဆက်ပြတ်တောက်မှုမရှိသေးသောကြောင့် တားဆီးကာကွယ်ရေး လုပ်ငန်း များကို ဆက်လက်အထူးကြပ်မတ် ဆောင်ရွက်နေလျက်ရှိရာ ယနေ့ နံနက်(၉) အချိန်အချိန်က စတင်ကာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်စောင့်ကြည့်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင် များက နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား  အသိပညာပေးပြီး အခုဝယ် အခုတပ်ဆင်စေခြင်း စနစ်ဖြင့် ဆောင်ရွက်ပြီး စားသောက်ဆိုင်များအား ကျန်းမာရေးညွှန်ကြားချက်များနှင့် အညီ ရောင်းချမှု အခြေအနေများအား စစ်ဆေးခဲ့ကြောင်း သိရသည်။

မိုင်းစံမြို့ ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေ ချစ်မြတ်နိုးသူပြည်သူများ စာပေဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူး ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် “ပညာရှိယုန်” ခေါင်းစဉ်ဖြင့် ပုံပြင်ရိုက်ကူး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကရသူရိမြို့၌ (ဒုတိယအကြိမ်) မသန်စွမ်းသူများဆိုင်ရာ သိကောင်းစရာအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၌(ဒုတိယအကြိမ်)မသန်စွမ်းသူများဆိုင်ရာ သိ ကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဘောဂလိမြို့တွင် ကိုင်းဖြတ်ကွမ်းရွက်စိုက်ပျိုးနည်း ဖြစ်ထွန်းလျက်ရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် မိသားစုစားဝတ်/ နေရေးအတွက် နှစ်ရှည်သီးနှံများနှင့် ရာသီပေါ် အသီး အရွက်များကို စိုက်ပျိုး၍ အသက်မွေး ဝမ်းကျောင်းပြုလုပ်လျက်ရှိရာ ကွမ်းရွက်သည် ယခင်နှစ်များကထက် ယခုနှစ် များတွင်ပိုမို‌ရောင်းရ၍ စိုက်ပျိုးသူဦးရေး များပြားလာပြီး မိသားစု အပိုဝင် ငွေ ရရှိလျက်ရှိကြောင်း သိရသည်။

မိုင်းရှူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်း ချုပ်နိုင်ရေးအသိပညာပေးနှိုးဆော်

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးမြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ရပ်ကွက်/ ကျေးရွာ များအတွင်းသို့ လှည့်လည်နှိုးဆော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to