မယ်စဲ့မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

ဇွန် ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲကို ယနေ့နံနက်  ၁၀ နာရီက ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်ဖြူခရိုင်ရုံး Community Centre ၌ ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်ပို့ချ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျောက်ဖြူခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ်ရုံးများမှ ဝန်ထမ်းများအား ငွေစာရင်းဆိုင်ရာလုပ်ငန်းများကို သိရှိနားလည်သဘောပေါက်စေရန် ရည်ရွယ်၍ ဇွန်လ ၁၈ ရက်နေ့မှစတင်ကာ “ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း”ကို ဖွင့်လှစ်ပို့ချသည်။

ရန်ကင်းမြို့နယ်အတွင်းရှိ စည်ပင်ဝန်ထမ်းအိမ်ရာဝင်းအတွင်း စျေးရောင်းချနေမှုအား မြို့တော်ဝန်မှ ကြည့်ရှုစစ်ဆေး

ယနေ့ နံနက် ၆:၄၀ နာရီက ရန်ကင်းမြို့နယ်၊ အမှတ်(၈) ရပ်ကွက်၊ ကံဘဲ့စည်ပင်အိမ်ရာဝင်း အတွင်းသို့ စျေးကားများဖြင့် ဆန်၊ ဆီ၊ ကြက်ဥနှင့် အသား၊ ငါးများစတင် ရောင်းချပေးနေမှုအား ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ စည်ပင်ဌာနမှူးများ၊ ရန်ကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ ပေါင်းစပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းများသို့ ကွင်းဆင်းဟောပြောပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ စည်သာကျောင်းနှင့် တောင်ဘွေကျောင်းများသို့ ယမန်နေ့နံက်ပိုင်းက ကွင်းဆင်း၍ ဟောပြောပွဲများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) စီမံချက်ရေးဆွဲနည်းနှင့် AVIP သင်တန်းဖွင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ယနေ့နံနက် ၁၀:၀၀ နာရီက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)စီမံချက်ရေးဆွဲနည်းနှင့် AVIP သင်တန်းဖွင့်ပွဲကျင်းပခဲ့သည်။

တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၁၈) နှစ်နှင့်အောက် အမျိုးသား (ဖူဆယ်) ဘောလုံးပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ၂၀၂၂ ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား၊ အသက်(၁၈)နှစ်နှင့်အောက် အမျိုးသား (ဖူဆယ်) ဘောလုံးပြိုင်ပွဲကို ယနေ့ နံနက် (၉) နာရီက တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၁၄) ရပ်ကွက်၊ ချယ်ရီဥယျာဉ်အိမ်ရာရှိ SAKURA (ဖူဆယ်) ဘောလုံး ကစားကွင်းတွင် ဆက်လက်ယှဉ်ပြိုင် ကစားကြောင်း သိရသည်။

ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီက အ​ခြေခံပညာအထက်တန်း​ကျောင်း အမှတ်(၂) နှင်းဆီခန်းမ၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကမာရွတ်မြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စု အမှတ်(၃၉)မှ ဒုတိယရဲမှူး ရဲထွန်းအောင်မှ​​ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောပေးခဲ့ကြောင်း သိရှိရသည်။

မလှိုင်မြို့နယ်၊ လယ်ဗျားကျေးရွာအုပ်စု၊ လယ်ဗျားကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)မိတ်ဆက်ရှင်းလင်းပွဲနှင့် ကော်မတီရွေးချယ်ပွဲကျင်းပ

မလှိုင်မြို့နယ်၊ လယ်ဗျားကျေးရွာအုပ်စု၊ လယ်ဗျားကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)မိတ်ဆက်ရှင်းလင်းပွဲနှင့် ကော်မတီရွေးချယ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က အဆိုပါကျေးရွာဓမ္မာရုံတွင် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူလူထုများနှင့် တွေ့ဆုံပွဲကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to