ရွှေတောင်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) စီမံချက်ရေးဆွဲနည်းနှင့် AVIP သင်တန်းဖွင့်ပွဲကျင်းပ

ရွှေတောင် ဇွန် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ယနေ့နံနက် ၁၀:၀၀ နာရီက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)စီမံချက်ရေးဆွဲနည်းနှင့် AVIP သင်တန်းဖွင့်ပွဲကျင်းပခဲ့သည်။

အခမ်းအနားတွင် ရွှေတောင်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမျိုးသူက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းကို (၂၁-၆-၂၀၂၂)မှ(၂၅-၆-၂၀၂၂)ထိ သင်တန်းပို့ချပေးသွားမည်ဖြစ်ပြီး ကျေးရွာ(၁၄)ရွာရှိ တစ်ရွာလျှင်(၂)ယောက်နှုန်းဖြင့် သင်တန်းသား/ သင်တန်းသူ(၂၈)ဦး တက်ရောက်ခဲ့ကြသည်။

သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ မိမိတို့ကျေးရွာဖွံ့ဖြိုးရေးအတွက် မိမိတို့ကိုယ်တိုင်ကျေးရွာ၏ ပကတိအခြေအနေများကို ဖော်ထုတ်တက်စေပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်တက်စေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ကြောင်း ရွှေတောင်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

ကိုကိုမင်း (ပြန်/ ဆက်)