ကမာရွတ် ဇွန် ၂၁
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း အမှတ်(၂) နှင်းဆီခန်းမ၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကမာရွတ်မြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စု အမှတ်(၃၉)မှ ဒုတိယရဲမှူး ရဲထွန်းအောင်မှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောပေးခဲ့ကြောင်း သိရှိရသည်။
ထို့နောက် အသိပညာပေးဟောပြောပွဲ ကျောင်းသား၊ ကျောင်းသူများအား ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်၍ ကျောင်းသားကျောင်းသူများ သိရှိနိုင်စေရန်လည်းကောင်း လမ်းဖြတ်ကူးလျှင် လူကူးမျဉ်းကျားမှနေ၍ ကူးရန်အချက်မီးပွိုင့်စိမ်းမှသာ ကူးကြရန် လမ်းဖြတ်ကူးပါက ဘယ်ကြည့်၊ ညာကြည့်၊ ဘယ်ပြန်ကြည့်၊ ညာပြန်ကြည့်လမ်းရှင်းမှ ကူးရန်ကို Power Point များဖြင့် ရှင်းလင်းပြောကြားခဲ့ပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းများကိုလည်း ဝေဌာခဲ့ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူ (၂၁၀) ဦး ခန့်တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။ အဆိုပါဟောပြောပွဲကို ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
စိမ်းလဲ့