ပင်းတယမြို့နယ်တွင် ဒီဇင်ဘာ ပထမအပတ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး သံသယရှိသူဦးရေ စုစုပေါင်း (၂၈၄၃) ဦးအားစစ်ဆေးခဲ့ရာ လူဦးရေ (၂၀) ဦး၌သာ ရောဂါပိုးတွေ့ရှိသဖြင့် ပိုးတွေ့နှုန်းကျဆင်းလာ
နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ လျော့ကျလာစေရေးအတွက် ပင်းတယမြို့နယ်၌ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ မိမိတို့မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ရှိ/ မရှိကို RDT Test Kit ဖြင့် စစ်ဆေး ဆောင်ရွက်ပေးနေမှုအား နေ့စဉ်ဆောင်ရွက်ပေးနေကြောင်းသိရသည်။ ပင်းတယ မြို့နယ်အတွင်း ယခုဒီဇင်ဘာပထမအပတ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိနှုန်းကျဆင်းလာကြောင်း သိရသည်။