ပန်းတောင်းမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းများသို့ ကွင်းဆင်းဟောပြောပွဲပြုလုပ်

ပန်းတောင်း ဇွန် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ စည်သာကျောင်းနှင့် တောင်ဘွေကျောင်းများသို့ ယမန်နေ့နံက်ပိုင်းက ကွင်းဆင်း၍ ဟောပြောပွဲများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်အားကစားမှူးဒေါ်စောမာလာက အားကစားနှင့်ပတ်သက်သည့် အကြောင်းအရာများကို ဟောပြောခဲ့ပြီး၊ ကျောင်းသား/ ကျောင်းသူများ နေ့စဉ်ဆောင်ရွက်ရမည့် အားကစားလေ့ကျင့်ခန်းများ သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။

ထို့နောက် အားကစားမှူးမှ စည်သာကျောင်းအုပ်ဆရာကြီး ဦးသန့်ဇင်ထွန်း၊ တောင်ဘွေ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးခိုင်ထံများသို့ အားကစားပစ္စည်းနှင့် အားကစားဂျာနယ်များ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

သင်းသင်းအေး