ဘုတ်ပြင်းမြို့ပေါ်ရပ်ကွက်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများလိုက်နာဆောင်ရွက်ကြရန် အသိပေးနှိုးဆော်
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်ချက်များအရ ယနေ့နံနက်က မြို့ပေါ်ရပ်ကွက်ရှိ လမ်းဆုံနေရာများတွင် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံမှု ကြိုတင် ကာကွယ်ထိန်း ချုပ်ရေး နည်းလမ်းများအား အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။