မုဒုံမြို့၌ ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ဘဏ်ချေးငွေ ဆက်လက် ထုတ်ချေးပေး

မုဒုံ ဇွန် ၂၂

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်အတွင်းရှိ တောင်သူများအား မိုးရာသီမိုးစပါး အချိန်မီ သီးနှံစိုက်ပျိုးမှု အဆင်ပြေစေရေးအတွက် ယနေ့ နံနက် ၉ နာရီက မုဒုံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့မ(၄)ရပ်ကွက်နှင့် တံခွန်တိုင်ကျေးရွာနေ  တောင်သူလယ်သမားများအား မိုးစပါး စိုက်ပျိုးစရိတ် ဘဏ်ချေးငွေများ ထုတ်ပေးသည်။

ထိုသို့ ထုတ်ချေးပေးရာတွင် ၂၀၂၀ မိုးချေးငွေနှင့် ၂၀၂၁ မိုးချေးငွေ ပြေကျေသည့် တောင်သူလယ်သမားများအား ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ လယ်တစ်ဧကလျှင် တစ်သိန်းခွဲ အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် မြို့မ (၄)ရပ်ကွက်ရှိ တောင်သူလယ်သမား ၂၇ ဦး၏ လယ်ဧက ၂၄၄ ဧကအတွက် ဘဏ်ချေးငွေကျပ်(၃၆၆)သိန်းကို လည်ကောင်း၊ တံခွန်တိုင်ကျေးရွာရှိ တောင်သူလယ်သမား ၈၃ ဦး၏ လယ်ဧက ၆၂၇ ဧကအတွက် ဘဏ်ချေးငွေကျပ် (၉၄၀ ဒသမ ၅၀) သိန်းကိုလည်ကောင်း ထုတ်ချေးပေးခဲ့ပြီး ကျန်ရှိနေသည့် ရပ်ကွက်၊ ကျေးရွာများကိုလည်း စက်တင်ဘာလကုန်အထိ ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ​မုဒုံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရရှိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)