ဇီးကုန်း ဇွန် ၂၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလ(၁၆)ရက်နေ့မှစတင်၍ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ထုတ်ချေးပေးလျက်ရှိသည်။
အဆိုပါစိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူလက်ဝယ်အရောက် စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး တစ်ဧကလျှင် တစ်သိန်းငါးသောင်းကျပ်နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိရာ အတိုးနှုန်းအနေဖြင့် ငွေကျပ်တစ်ရာလျှင်(၁)နှစ် ငါးကျပ်နှုန်းဖြင့် သီးနှံပေါ်ချိန်သတ်မှတ်ကာလတွင် အရင်းအတိုးနှင့်တစ်ကွ ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။
ဇီးကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၂ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၃၁)အုပ်စုမှ တောင်သူ(၄၃၁၃)ဦး၊ စိုက်ဧက(၃၀,၀၀၀)အတွက် ငွေကျပ်(၄,၅၀၀,၀၀၀,၀၀၀)အား ထုတ်ချေးပေးရန် လျာထားဆောင်ရွက်လျက်ရှိရာ ဇွန်လ ၂၁ ရက်နေ့အထိ တောင်သူ(၁၄၄၀)ဦး၊ စိုက်ဧက(၉၆၇၁)အတွက် ငွေကျပ်(၁,၄၅၀,၆၅၀,၀၀၀)ကို ထုတ်ချေးပေးပြီးဖြစ်ကြောင်း ဇီးကုန်းမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
တင့်ဆွေ (ပြန်/ဆက်)