မိုးညို ဇွန် ၂၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြို့နယ်အတွင်းလေဘေးသင့့်ခဲ့သော အိမ်ထောင်စုမှမိသားစုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ခြင်းကို ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ဇွန်လ ၂၀ ရက်နေ့တွင် ထန်းပင်ကုန်းကျေးရွာအုပ်စု၊ ဥသွတန်းကျေးရွာတွင်ဖြစ်ပွားခဲ့သောလေဘေးမှ ပြိုလဲပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၀၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၁၀၅၀၀/-)ကျပ်နှင့် ပြိုလဲနေအိမ်(၁)လုံးအတွက် ထောက်ပံ့ရေးပစ္စည်း(၁၇)မျိုး(ပလပ်စတစ်ပုံး)အပါ(၁)အိမ်ထောင်စုစာတန်ဖိုးငွေ(၄၉၀၃၆/-)ကျပ်နှင့် ကတ္ထူပုံး(၁)ပုံးတို့အား ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးဝန်ထမ်းများနှင့်အတူ လေဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုမင်း (ပြန်/ဆက်)