မိုင်းရှူး ဇွန် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲရေးနေ့ အထိမ်းအမှတ်(မိုးရာသီ) လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၉)နာရီက ဝမ်ဆော့ကျေးရွာအုပ်စု၊ ဟိုက်ဟောင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးစိုးလင်းထိုက်က ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရန်၊ ဂေဟစနစ်ထိန်းသိမ်းနိုင်ရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများမှာလည်း ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားပြီး စိုက်ပျိုးရန်ပျိုးပင်များကို ဝမ်ဆော့ကျေးရွာ အုပ်ချုပ်ရေးမှူးဦးကျော်ဟန်နှင့် ဟိုက်ဟောင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း ကျောင်းသား၊ ကျောင်းသူများထံတို့ အသီးသီးပေးအပ်ခဲ့သည်။
အဆိုပါပွဲတော်တွင် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျေးရွာနေ ပြည်သူလူထုများနှင့် ကျောင်းသား၊ကျောင်းသူများက ကျွန်း၊ရေသင်းဝင်၊ မယ်ဇလီ၊ ချယ်ရီ၊ စိန်ပန်း၊ ယူကလစ်၊ မျောက်ငို၊ ခါတော်မီ အစရှိသည့်ပျိုးပင် စုစုပေါင်း(၅၂၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)