လဲချား ဇွန် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ၌ ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယမန်နေ့နံနက်(၉) နာရီ အချိန်က စာဖတ်ခြင်း၏ ကောင်းကျိုးများ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာလဲချားမြို့နယ်ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းမြင့်မြင့်ဆွေက လူအများစုသည် စာအုပ်စာပေထက် Social Media ပေါ်တွင် အချိန်ကုန်လာကြပါတယ်။ စာဖတ်ခြင်းအားဖြင့် ဗဟုသုတများစွာ၊ ဘဝတိုးတက်ရေး လမ်းစဉ်များစွာကိုရရှိစေပါသည်။ စာဖတ်ခြင်းအားဖြင့် အာရုံစူးစိုက်မှုကောင်းခြင်း၊ အသိပညာကြွယ်ဝခြင်း၊ စကားပြောကြွယ်ဝခြင်း၊ မှတ်ဉာဏ်မြှင့်မားလာခြင်း၊ စိတ်ဖိစီးမှုလျော့နည်းစေခြင်း၊ စိတ်ကူးယဉ်ဖန်တီးမှုပိုမိုကောင်းမွန်ခြင်း၊ ဆက်ဆံရေးကောင်းမွန်ခြင်းစသည့် အချက်များကိုရရှိစေကြောင်း၊ စာဖတ်ခြင်းဟာ ဦးနှောက်ရဲ့မှတ်နိုင်စွမ်းရည် Memory ကို တိုးမြင့်စေကြောင်း၊ စာဖတ်ထားတဲ့သူဟာ စာမဖတ်သူနှင့်နှိုင်းယှဉ်လျှင် လူမှုပေါင်းသင်းဆက်ဆံရေး ဘက်တွင်လည်း စာမဖတ်သူထက် ပိုပြီးသာနေမှာဖြစ်ကြောင်း၊ အောင်မြင်နေတဲ့သူတိုင်း ကမ္ဘကျော်တဲ့ millioner တွေတိုင်းစာဖတ်ကြကြောင်း၊ အောင်မြင်လိုလျှင် စာများများဖတ်ဖို့လိုအပ်ကြောင်း၊ ထို့ကြောင့်(၁)ရက်ကို မိနစ်(၃၀)ဖြစ်ဖြစ်၊ (၁)နာရီဖြစ်ဖြစ် စာဖတ်ကြစေလိုကြောင်းစသည့် အကြောင်းအရာများကို ပြည်သူများဗဟုသုတ ရရှိစေရန်တို့ကို ဆွေးနွေးခဲ့ပါသည်။ အသိပညာပေး Talk Show အစီအစဉ်အား We Love Laikha Page နှင့် ပြည်သူ့စာကြည့်တိုက် Page တို့တွင် Online မှတစ်ဆင့် ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လဲချားမြို့နယ်( ပြန်/ဆက်)