မိုးမိတ်မြို့နယ်တွင်  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြော

မိုးမိတ် ဇွန် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့သည် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုတုသတိုးပွားစေရေးတို့အတွက် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်တွင် အခြေခံပညာအထက်တန်း ကျောင်းပညာမြင်မိုရ်ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းပီးက လူငယ်လူရွယ်များ နောင်အနာတ်ရဲ့ နိုင်ငံသားကောင်း၊ သမီးကောင်းများစွာ ဖြစ်မြောက်ပေါ်ထွန်းစေရန်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေး၊ အကျင့်စာရိတ္တကောင်းမွန်ရေး နှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများနှင့် ပစ်မှုပစ်ဒဏ်များအကြောင်းကို ရှင်လင်းဟောပြောခဲ့ကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးရဲဇော်ဦးက သဘာဝဘေးအန္တရာယ်များထဲမှ မုန်းတိုင်းအန္တရာယ်နှင့် ပတ်သက်ဆောင်ရန်၊ ရှောင်ရန်တို့ကို အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။

ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များတို့သည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသောသတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးပြဘုတ်များ ပြသခြင်းတို့ကို   ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စည်သူဌေး(ခရိုင်ပြန်/ဆက်)