ပေါက်ခေါင်းမြို့နယ်တွင် ပင်စင်လစာငွေများအား ပုံမှန်အတိုင်းစနစ်တကျထုတ်ပေး

ပေါက်ခေါင်း ဇွန် ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်  ၇  နာရီမှစတင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထုတ်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ထုတ်ပေးလျက်ရှိပြီး ပေါက်ခေါင်းမြို့နယ်တွင် ယနေ့တွင် အငြိမ်းစားပင်စင်ထုတ်ယူသူ(၂၁၇)ဦးခန့်ရှိပြီး၊ နောက်ရက်များတွင်လည်း ကျန်ရှိသည့်အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဆက်လက်ထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှသိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)