မင်းလှ၌ စိုက်ပျိုးရေးနှင့်မွေးမြူရေး ကုန်ထုတ်လုပ်မှုတိုးတတ်မြှင့်မားရေး အသိပညာပေးခြင်းကွင်းဆင်းဆောင်ရွက်

မင်းလှ ဇွန် ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေး ကုန်ထုတ်လုပ်မှုတိုးတတ်မြှင့်မားရေး အသိပညာပေးဟောပြောဆွေးနွေးခြင်းကို ဇွန်လ ၂၁ ရက်က ကြို့ကုန်း(၁)အုပ်စု၊ ကြို့ကုန်းကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က စိုက်ပျိုးရေးနှင့်မွေးမြူရေးကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေး အသိပညာပေးဟောပြောဆွေးနွေးခြင်းများ ပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဌာနအလိုက်ဆောင်ရွက်ပေးခြင်းကို တောင်သူများအနေဖြင့်အကျိုးရှိစွာ လိုက်နာဆောင်ရွက်ရေးတို့ကို အသီးသီးဆွေးနွေးပြောကြား၍ တောင်သူများသိရှိလိုသည့်အချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ သက်ဆိုင်ရာဌာနများက ဆွေးနွေးဖြေကြားပေးခဲ့သည်။

ထို့နောက် ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် မိုးစပါး၊ မတ်ပဲ၊ နွေစပါး(သုံးသီး) စိုက်ပျိုးမည့်လယ်မြေကွက်များကို ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)