ကြံခင်း ဇွန် ၂၂
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတတ်စေရန်၊ အနာဂတ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်နှင့် အားကစားကဏ္ဍ ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက (အ.ထ.က) ဆိပ်သာ ကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ (နည်းစနစ်မှူး)ဒေါ်ခင်မိုးဝါက လူငယ်များကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဟူသော ဗလ(၅)တန် ဘက်စုံဖွံဖြိုးတိုးတတ်စေရန်၊ လူငယ်နှင့်ကျန်းမာ ကြံ့ခိုင်ရေးဆိုင်ရာများ၊ အားကစားဆိုင်ရာများကို အသိပညာပေး ဟောပြောပြီးနောက် (အ.ထ.က) ဆိပ်သာ ကျောင်းအုပ်ဆရာကြီး ဦးဝင်းချိုဦးအား အားကစားဝတ်စုံ ပေးအပ်ခဲ့သည်။ အဆိုပါ လူငယ်ရေးရာ ဟောပြောပွဲသို့ (အ.ထ.က)ဆိပ်သာ ကျောင်းအုပ်ဆရာကြီး ဦးဝင်းချိုဦး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၄၆၁)ဦး တတ်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)