တွံတေး ဇွန် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ မူးလမန်းကျေးရွာအုပ်စု၊ မူးလမန်းကျေးရွာရှိ ဓမ္မသုခနှီးဘုရားကျောင်းတိုက်ရှိ သံဃာ့တော်အရှင်သူမြတ်များအား တွံတေးမြို့နယ်လုံခြုံရေးတပ်ရင်းမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မိသားစုတို့စုပေါင်း၍ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းဆန်တော်နှင့်အလှူငွေလှူဒါန်းခြင်း၊ လှူဖွယ်ပစ္စည်းများနှင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ လုံခြုံရေးတပ်ရင်းမှူးမိသားစုနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်မိသားစုများက ကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တမုနိန္ဒထံမှ ငါးပါးသီလခံယူကြပြီး ဆွမ်းဆန်တော်နှင့်အလှူငွေ(၄)သိန်းကျပ်နှင့် ခေါက်ဆွဲခြောက်တစ်ဖာ၊ ငါးသေတ္တာတစ်ဖာတို့အား ဆရာတော်ထံ ဆက်ကပ်လှူဒါန်းကာ ရေစက်ချတရားနာယူကြကြောင်း သိရသည်။
ထို့နောက် လုံခြုံရေးတပ်ရင်းဆေးအဖွဲ့မှ ကျောင်းရှိဆရာတော်သံဃာ့တော်အရှင်သူမြတ်(၈၂)ပါးအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ ဆေးဝါးကုသပေးခြင်းများဆောင်ရွက်ပေးပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း သိရှိရသည်။
တွံတေးသား