ကွမ်းခြံကုန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲကျင်းပ

ကွမ်းခြံကုန်း ဇွန် ၂၂

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်ကွမ်းခြံကုန်းမြို့နယ် (CommunityCenter) ခန်းမတွင်၂၀၂၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက ကျောင်းသား/သူများ လူငယ်/လူရွယ်များအား မူးယစ်ဆေးဝါး သမိုင်းကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသော ရုပ်ပိုင်ဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ မူးယစ်ဆေးဝါး အမျိုးအစားများစသည့် အကြောင်းအရာများ ဟောပြောခဲ့ကြောင်း သိရသည်။

ထိုနောက်ခင်းကျင်းပြသထားသည့် စာအုပ်များအား ကျောင်းသူ/သားများက စိတ်ဝင်စားစွာ လေ့လာဖတ်ရှုကြည့်ရှုခဲ့ကြောင်း သိရသည်။

ဆွေနွယ်(IPRD)