အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေး

မိုင်းယန်း ဇွန် ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက လူငယ်လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မူးယစ်ဆေးဝါး ဆိုးကျိုးအန္တရာယ်များကိုသိရှိပြီး ကြိုတင်ကာကွယ်ကင်းဝေးနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မိုင်းယန်းမြို့နယ် မြို့မရဲစခန်းမှူး ဒု-ရဲမှူးမျိုးမင်းလတ်က   မူးယစ်ဆေးဝါးအမျိုးအစားနှင့် ဆိုးကျိုးအန္တရာယ်များ၊ မူးယစ်ဆေးဝါးသသုံးစွဲရခြင်း၏ အဓိကအကြောင်းရင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲများအတွက် နောက်ဆက်တွဲဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တာဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ပြည်သူများသိရှိစေရန် အကျယ်တဝင့်အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး