လွိုင်လင် ဇွန် ၂၂
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှ ဝန်ထမ်းများက လွိုင်လင်မြို့နယ်၊ ကွတ်ချိုးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် နယ်လှည့်စာကြည်တိုက် ဝန်ဆောင်မှုဖြင့် ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ပေးရခြင်းမှာ ကကျောင်းသားလူငယ်များအား ကျောင်းသင်ခန်းစာအပြင် အခြားပြင်ပ ဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး ကျေးရွာအရောက်ကွင်းဆင်း၍ စာဖတ်ဝိုင်းများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ ကျောင်းသား/သူများကို၊ စာဖတ်စွမ်းရည် တိုးတက်စေရန်အတွက် တိုင်းရင်းသားရိုးရာပုံပြစာအုပ်များ၊ ကဗျာစာအုပ်များနှင့် ပြည်သူ့နီတိစာအုပ်များကို ဖတ်ရှု့စေပြီး တစ်ဦးခြင်းအလိုက် ဖတ်ရှု့ပြီးသည့်စာအုပ်များကို ပြန်လည်ပြောပြစေခြင်း ဖြစ်ကြောင်းနှင့် အလားတူ ကျေးရွာအခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ခရိုင်ရုံးလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေး ထံမှသိရသည်။
လွိုင်လင်မိုး