ကျောက်တန်း ဇွန် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကာလအတွင်း ပင်စင်စားများအား ပင်စင်လစာများကို ယမန်နေ့နံနက်ပိုင်းကစတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထုတ်ပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များနှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ရပ်ကွက်/ ကျေးရွာများအား နေ့အလိုက်သတ်မှတ်ပေးထားခြင်း၊ ပင်စင်စားဝန်ထမ်းများ သက်တောင့်သက်သာ အနားယူနေနိုင်ရန် အမိုးအကာများထားရှိပေးထားခြင်း၊ တစ်ဦးနှင့်တစ်ဦး(၆)ပေအကွာအဝေးတွင် ထိုင်ခုံများထားရှိပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ လက်ဆေးရန်ဆပ်ပြာနှင့် လက်ဆေးဘေစင်ထားရှိ ဆောင်ရွက်ထားခြင်းစသည်တို့ကို မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းများက စနစ်တကျစီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“ဒီကနေ့ပင်စင်စထုတ်သည့်ရက်မှာပင်စင်စား(၄၅၁)ဦးအား ထုတ်ပေးခဲ့ပြီး ငွေပမာဏအနေဖြင့် ကျပ်(၄၇၂၉၉၃၈၇.၄၅)ရှိပြီး နောက်ရက်တွေမှာလည်း ဆက်လက်ထုတ်ပေးသွားမှာဖြစ်ပါတယ်” လို့ ကျောက်တန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာက ပြောကြားသည်။
ဒေါ်အိသန္တာချို (ကျောက်တန်း)