ရွှေဘို ဇွန် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဇီဝမျိူးစုံမျိုးကွဲများအကြောင်း အသိပညာပေး (Talk Show)ကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်အေးမြင့်စန်းက အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်ဇာနည်မွန်က ဇီဝမျိုးစုံမျိူးကွဲဆိုသည်မှာ ကုန်းမြေ၊ လေထု၊ ပင်လယ်နှင့် အခြားသော ရေပြင်ဆိုင်ရာဂေဟစနစ်အပါအဝင် အရင်းအမြစ်အားလုံးရှိ သက်ရှိသတ္တဝါများ ကွဲပြားခြားနားစွာ တည်ရှိနေမှုနှင့် ၎င်းတို့ပါဝင်သည့် ဂေဟစနစ်အမျိုးမျိုးကွဲပြားစွာတည်ရှိမှု၊ ဇီဝမျိုးစုံမျိုးကွဲများသည် ကမ္ဘာမြေကြီးနှင့်သဘာဝပတ်ဝန်းကျင် အရှည်တည်တံ့ခိုင်မြဲရေး၊ လူသားများအပါအဝင် သက်ရှိသတ္တဝါအားလုံးအတွက် မရှိမဖြစ်လိုအပ်သည့်အတွက် ကာကွယ်ထိန်းသိမ်းကြရမည့်နည်းလမ်းများ ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ခြင်းများကို Online စနစ်ဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် အသိပညာပေး Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ We love Shwe Bo Facebook Page တွင် စဉ်ဆက်မပြတ် စီစဉ်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)