လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကျောင်းသား/သူနှင့် သီလရှင်ဆ‌ရာ‌လေးများအား ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးနှံ

လှိုင်သာယာ(အနောက်ပိုင်း)  ဇွန် ၂

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ လပွတ္တာလမ်းရှိ ရတနာသိင်္ဂီသီလရှင် စာသင်တိုက်ဝန်းအတွင်းရှိ ကဝိမဉ္ဇူသီလရှင် မူလတန်းကျောင်း၌ တက်ရောက် ပညာသင်ကြားနေသည့် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိကျောင်းသား/သူများအား ကိုဗစ်ရောဂါ ကာကွယ်ဆေး(Sinopharm) ထိုးနှံပေးခြင်းလုပ်ငန်းကို (၂၂.၆.၂၀၂၂)ရက်နေ့ နံနက်(၀၉:၀၀)နာရီမှ နံနက်(၀၁:၀၀)နာရီအချိန်အထိ မြို့နယ်ဒေသန္တရကျန်းမာရေးဌာနမှ သူနာပြုဆရာမ ဒေါ်မိမိထွေး၊ ဒေါ်ကေခိုင်ဂျူး၊ကြီးကြပ်(၂) ဦးဟိန်းသူရိန်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ဇော်ဦးနှင့် ရာအိမ်မှူးများ၊ Medical Cover အဖြစ် ဇွဲမာန်‌အောင် ပရဟိတအသင်းဥက္ကဋ္ဌ ဦးဝင်းဗိုလ်နှင့် အသင်းဝင်များက ဆောင်ရွက်ပေးခဲ့ရာ ကျောင်းထိုင်သီလရှင်ဆရာကြီး ဒေါ်ဉာဏစာရီနှင့် ဆရာ/ဆရာမများက ကူညီဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား(၈)ဦး ကျောင်းသူ(၁၁၅)ဦး၊ စုစုပေါင်း(၁၂၃)ဦးတို့အား ထိုးနှံပေးခဲ့နိုင်ခဲ့ကြောင်း သိရသည်။

ဝေလွင်ကျော်