ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ အခြေခံပညာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်

ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၌ အခြေခံပညာကျောင်းများ ဒီဇင်ဘာလ ၆ ရက်နံနက်ပိုင်းမှ စတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ စနစ်တကျပြန်လည် ဖွင့်လှစ်ခဲ့သည်။

သုံးခွမြို့နယ်တွင်(၁၆)ကြိမ်မြောက် China Exim Bank ချေးငွေများ ပြန်လည်ကောက်ခံရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် သမဝါယမ အသင်းစုလီမီတက်ရုံးတွင် (၁၆)ကြိမ်မြောက်China Exim Bank ချေးငွေများပြန်လည်ကောက်ခံရေးလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်၁၀နာရီခွဲက ကျင်းပကြောင်းသိရသည်။

ကျိုက်လတ်မြို့နယ် Community Centre ခန်းမ၌ လူငယ်နှင့်ဆေးလိပ်အန္တရာယ် အသိပညာပေးစာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club ၊ လူငယ်အသင်း Youth Club အဖွဲ့တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေကူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် သုတ/ရသ စာအုပ်စာစောင်များနှင့် အလှူငွေ လှူဒါန်းပွဲကျင်းပ

ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ရွှေကူမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်အတွက် စာအုပ်စာစောင်များတိုးပွားစေရန် မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများတို့က စုပေါင်း၍ သုတ/ရသစာအုပ်စာစောင်များနှင့် အလှူငွေ လှူဒါန်းပွဲကို ဒီဇင်ဘာလ ၈ ရက် နံနက် ၁၀ နာရီက ရွှေကူမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့၌ ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၌ အသက်နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် (၈) နာရီခွဲအချိန်ခန့်ကစတင်၍ မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိ

ဂန့်ဂေါမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က 5.5 HP မော်တာ ရေစုပ်စက်ဖြင့် မြစ်သာမြစ်အတွင်းမှ မြစ်ရေအား ရေစုပ်ယူပြီး ဂါလန် ၄၀၀၀၀ ဆံ့ ရေစုကန် ၂ ကန်တွင် ယာယီသိုလှောင်၍ ၎င်းမှတစ်ဆင့် မြင်းကောင်ရေ ၂၅ ကောင်အား မော်တာရေစုပ်စက်ဖြင့် ဂါလန် ၄၆၀၀ ဆံ့ အမြင့်တင် ရေသိုလှောင်ကန်သို့ ရေတင်ကာ မြို့ပေါ်ရပ်ကွက်များသို့ ရေပိုက်လိုင်း သွယ်တန်းပြီး ရေတိုင် ၂၅၂ တိုင်ဖြင့် နေ့စဉ်အလှည့်ကျစနစ်ဖြင့် မြို့ရေပေးဝေရေး လုပ်ငန်းကို ဆောင်ရွက်ထားသည်။

ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကိုဗစ်-၁၉ အကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ(Talk Show) ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Center ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကိုဗစ်-၁၉ အကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

နတ်မောက်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း (၁၃၁၃)ဦးနှင့် နိုင်ငံသားစိစစ်ရေးကတ်(၄၀၂၇)ဦး ပြုလုပ် ပေးပြီးဖြစ်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝ န်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေး ကတ်မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်လိုသူများအား ပန်းခင်းစီမံချက်ဖြင့် မြို့နယ်ဦးစီးမှူးရုံးတွင် နေ့စဉ်ပြုလုပ်ပေးလျက်ရှိသည်။
Subscribe to