ရှမ်းရွာသစ် ဇွန် ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှုလွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ် အလိုက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် မြို့အဝင်ပန်းခြံခြံစည်းရိုးကာရန်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့မြို့အင်္ဂါရပ်နှင့်အညီ လှပဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံး ငွေရင်းရန်ပုံငွေကျပ် (၂၆၇၈၀၀၀၀)ဖြင့် (၅၃၆)ပေအရှည်ရှိ မြို့အဝင်ပန်းခြံခြံစည်းရိုး ကာရန်ခြင်း လုပ်ငန်းကို သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးအတွက် လုပ်ငန်းတာဝန်ရှိသူများက အနီးကပ် ကြီးကြပ်ဆောင်ရွက်ရှိကြောင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် အုတ်စီရေမြောင်းပြုလုပ် ခြင်းနှင့် မြောင်းအဖုံးပြုလုပ်ခြင်း လုပ်ငန်းများ၊ အများပြည်သူသွားလာရအဆင်ပြေစေရေးအတွက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကိုလည်း သက်ဆိုင်ရာရပ်ကွက်များအလိုက် ခွင့်ပြုရန်ပုံငွေများဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဇင်လေး(ပြန်/ဆက်)