မအူပင်ခရိုင်၌ ကျား/မရေးရာ Gender၊ CEDAW၊ NSPAW၊ UNSCR 1325 နှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

မအူပင် ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကျား/မရေးရာ Gender၊ CEDAW၊ NSPAW၊ UNSCR 1325 နှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကို ဇွန်လ ၂၁ ရက်နေ့ နံနက် ၁၀နာရီက မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီထွေးက ကျား/မရေးရာ အခြေခံသဘောတရားများကို သိရှိနားလည်စေရန်နှင့် လုပ်ပိုင်ခွင့်အာဏာကို အသုံးပြု၍ ကျား/မရေးရာ သဘောတရားများကို အခြေခံသော ကျား/မ အခြေပြုအကြမ်းဖက်မှုတို့၏ ဆက်စပ်ပုံကို နားလည် သဘောပေါက်စေရန် အဖွင့်ပြောကြားပြီး မအူပင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဆင့်က CEDAW၊ NSPAW၊UNSCR 1325 နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ ခရိုင်ဦးစီးမှူး ဒေါ်ဝင်းမေက Gender (ကျား/မရေးရာ)နှင့် ပတ်သက်သည့် ပြောင်းလဲမှုအခြေအနေ၊ သတ်မှတ်ထားသည့် စံနှုန်း၊ ဂျန်ဒါဆိုင်ရာအခန်းကဏ္ဍ၊ လူမှုပုံစံသွင်းယူမှု၊ လုပ်ပိုင်ခွင့်နှင့် အာဏာ၊ အသုံးပြုပုံ၊ လုပ်ပိုင်ခွင့်အာဏာနှင့် ကျား/မ အခြေပြု အကြမ်းဖက်မှု၊ အခွင့်အလမ်းမတူညီမှု အမျိုးသားနှင့် အမျိုးသမီးများသာ တူညီမျှဖြစ်မှုနှင့် တန်းတူညီမျှမှု၊ ကျား/မရေးရာ ဖွံ့ဖြိုးတိုးတက်မှုများအား ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ အမျိုးသမီးကော်မတီ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့က ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက် (မအူပင်)