မြောင်းမြမြို့တွင် ၂၃ ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင် နိုင်ရေးအတွက် ပြိုင်ပွဲဝင်များ ကြိုးစားလေ့ကျင့်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အ.ထ.က (၁)၊ ပညာရတနာခန်းမတွင် ၂၃ ကြိမ်မြောက် မြန်မာ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြိုင်ပွဲဝင်များ နေ့စဉ်ကြိုးစားလေ့ကျင့်လျက်ရှိရာ ယနေ့ ညနေ ၄ နာရီက ခရိုင်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး ဦးဆောင်၍ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများက သွားရောက် ၍ လေ့ကျင့်နေသည့် ပြိုင်ပွဲဝင်များ၏ အခြေအနေများအား ကြည့်ရှု၍ လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။