သာပေါင်း ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ပြည်သူ့လုံခြုံရေးအဖွဲ့ ရပ်ကွက် ကျေးရွာ အုပ်စုအဆင့် ဖွဲ့စည်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြည်အေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရပ်ကွက်၊ ကျေးရွာအုပ်စုအဆင့် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်တို့မှ ရပ်ကွက်(၁)ခုလျှင် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် (၆၇)ဦးဖြင့် ဖွဲ့စည်းထားရှိသည့် အဖွဲ့ဝင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ကျော်သိန်းမှ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ ရှင်းလင်းပြောကြားပြီးနောက် ဒုတိယဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး ကျော်ခိုင်စိုးမှ လုပ်ငန်းတာဝန်များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ကြပြီး တက်ရောက်လာကြသော အဖွဲ့ဝင်များမှ သိရှိလိုသည်များကို ပြန်လည်ဖြေကြား ရှင်းလင်းခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း(ပြန်/ဆက်)